ရေးသားသူ –  Yvonne Ng

ပံ့ပိုးသူ –  Arul Prakkash

နောက်ဆုံးပြန်လည်သုံးသပ်သည့်ရက်စွဲ – ဇန်နဝါရီ ၃၀ ရက် ၂၀၂၀ ခုနှစ်

 

အင်တာနက်ဖြတ်တောက်ထားသော်လည်း မှတ်တမ်းတင်သူများအနေနှင့် အရေးကြီးဗီဒီယိုများဖမ်းယူနိုင်ပြီး ထိုဗီဒီယိုအထောက်အထားများကို အော့ဖ်လိုင်း(offline) သို့မဟုတ် အွန်လိုင်း(online) ပြန်ရသည့်အချိန်တွင် မျှဝေခြင်း ပြုလုပ်နိုင်သည်။အော့ဖ်လိုင်း(offline)မှတ်တမ်းတင်ခြင်းအတွက်ဖုန်းကိုပြင်ဆင်(setup)ခြင်း

အတွက်အသုံးဝင်မည့်အချက်အလက်များကို တက်ကြွလှုပ်ရှားသူများနှင့် အခြားကျင့်သုံးသူများဆီမှ ကျွန်ုပ်တို့ အောက်ပါအတိုင်းလေ့လာခဲ့သည်။သတိပြုရန်မှာ အချို့သောအချက်များသည် အင်တာနက်အသုံးပြုရန် လိုအပ်သည်။ ထို့ကြောင့် အင်တာနက်ဖြတ်တောက်ချိန်မတိုင်မီ သို့မဟုတ် အင်တာနက်ပြန်လည်ရရှိချိန်တွင် လုပ်ဆောင်ထားရန်ဖြစ်သည်။  ထပ်မံပြောကြားလိုသည်မှာ ထိုအချက်များကို စိတ်ဖိစီးမှုရှိနေသည့် အချိန်ကျမှ လုပ်ဆောင်ရန်မစောင့်ဆိုင်းပါနှင့်။ ယခုလုပ်ဆောင်ထားပါ။ အကြပ်အတည်း ကျရောက်သည့်အချိန် မတိုင်မီ ဖုန်းအသုံးပြုခြင်းကိုအချိန်ယူ၍လေ့ကျင့်ထားပါ။အင်တာနက်ဖြတ်တောက်ချိန်သည်သတင်းအချက်အလက်များကိုတိုးမြှင့်ထိန်းချုပ်ထားသည့်အချိန်သို့မဟုတ်လွတ်လပ်စွာသဘောထားထုတ်ဖော်ခွင့်၊စုရုံးခွင့်များကိုကန့်သတ်ထားသည့်အချိန်များနှင့်တိုက်ဆိုင်နေတတ်သည်။သင်သည်မှတ်တမ်းတင်သူဖြစ်လျှင်မိမိကိုယ်ကိုသော်လည်းကောင်း၊မိမိ၏သတင်းအချက်အလက်များကိုသော်လည်းကောင်းအထူးသတိပြုကာကွယ်ရန်အချိန်ဖြစ်သည်။သက်ဆိုင်ရာအာဏာပိုင်များကသင့်ဖုန်းကိုသိမ်းယူနိုင်ခြေအလားအလာ၊ဖုန်းကိုမဖြစ်မနေunlockလုပ်ခိုင်းနိုင်ခြေ၊အကြောင်းအရာများကိုထုတ်ပြခိုင်းသောအခြေအနေများရှိလျှင်(အင်တာနက်ဖြတ်တောက်ချိန်၊အခြား)မှတ်တမ်းတင်ရန်အတွက်သီးသန့်ဖုန်းတလုံးသုံးရန်စစဉ်းစားပါ။ထိုသို့သုံးစွဲခြင်းဖြင့်မိမိကိုယ်ပိုင်အချက်အလက်များ (contacts, accounts, message, etc) ခိုးယူရရှိခြင်း အခွင့်အလမ်းကို နည်းစေလိမ့်မည်။ ထိုသို့သီးသန့်စက်မသုံးနိုင်လျှင်လည်းယခုနည်းလမ်းများကိုဆက်လက်သုံးစွဲခြင်းဖြင့်လည်း အထိခိုက်မခံနိုင်သောဒေတာများကို ပိုမိုကောင်းမွန်စွာ လုံခြုံစေလိမ့်မည်။

 

ဖုန်းအဟောင်းကိုရည်ရွယ်ချက်ပြောင်းသုံးစွဲလျှင် ဒေတာအရင်ရှင်းပစ်ပါ

ဒေတာရှင်းရန် factory reset ကို run ပါ

factory reset button on phone

မှတ်ချက်။လေ့လာချက်များအရဖုန်းကိုfactoryresetrunသော်လည်းရှိသမျှဒေတာအားလုံးရှင်းမည်မဟုတ်ပါ။  အမှန်မှာရာနှုန်းပြည့်လုံခြုံစွာဒေတာများကိုရှင်းလင်းချင်လျှင်ဖုန်းကိုဖျက်ဆီးရမည်။သို့သော်ထိုနည်းလမ်းသည် ဖုန်းကိုပြန်လည်သုံးစွဲချင်လျှင်ရွေးချယ်လို့ရမည့်နည်းလမ်းမဟုတ်ပါ။ယခုဆောင်းပါးတွင်Android အင်ဂျင်နီယာတဦးက အကြံပေးထားသည်မှာ factory reset  မလုပ်မီ ဖုန်းထဲရှိအကြောင်းအရာ များကို လျှိူ့ဝှက်လုံခြုံရန်သေချာစေရမည်။ယခုလက်ရှိဖုန်း အများစုတွင် မူရင်းအားဖြင့် လျှို့ဝှက်လုံခြုံမှုရှိသော်လည်း အကယ်၍မရှိခဲ့လျှင် resetting မလုပ်မီ setting ကိုသွားပါ > security > encrypt လုပ်ပါ။ ထိုနည်းလမ်းသည် သင်factory reset လုပ်ချိန်မှာ encryption key ပျောက်သွားပါက မဖျက်ဆီးရသေးသော ဒေတာများသည်ပင် ဖတ်လို့မရသောအဆင့်သို့ ရောက်သွားမည်။

 

ဖုန်းလုံခြုံရေးအခြေခံကိုလေ့ကျင့်ခြင်း

phone icon

အထွေထွေဖုန်းလုံခြုံရေးအလေ့အကျင့်များမှာ အခြေအနေအရပ်ရပ်တွင် အင်တာနက်ဖြတ်တောက်ချိန်ဖြစ်စေ၊ မဖြတ်တောက်ချိန်ဖြစ်စေ အကျုံးဝင်သည်။ အခြားအဖွဲ့အစည်းများအသုံးဝင်သောအရင်းအမြစ်များ

အောက်ပါအတိုင်းဖြစ်သည်။မည်သည့်အရာမှရာနှုန်းပြည့်အာမမခံနိုင်သော်လည်းအချို့အသုံးဝင်သည့်အချက်များပါဝင်သည်မှာ

  • သင့်ဖုန်းသည်လျှို့ဝှက်လုံခြုံကြောင်း(encrypted) သေချာပါစေ။ ဖုန်းအသစ်များသည် မူလပင်မကပင် လျှို့ဝှက်လုံခြုံသည် (encrypted)။ မိမိဖုန်း၏လျှို့ဝှက်လုံခြုံမှု မသေချာလျှင် security setting ကို စစ်ဆေးပါ။
  • OS (operating system) updates ကို ပုံမှန်စစ်ဆေးပါ။ သူတို့သည် လုံခြုံရေးထိခိုက်နိုင်မှုကို ပြုပြင်နိုင်သည်။
  • အရေးကြီးသော app (like message apps) များကို ပုံမှန် update လုပ်ပါ။
  • ဖုန်းလျှို့ဝှက်ကုဒ်နံပါတ်ကိုခိုင်မာပါစေ၊ အနည်းဆုံး ဂဏန်းခြောက်လုံးထားပါ၊ လက်ဗွေ မျက်နှာ အမှတ်အသား fingerprint/touch or face ကို အားမကိုးပါနှင့်။
  • Screen lock, lock timer ကို set up လုပ်ထားပါ။
  • တည်ရှိနေရာ location service ကို (off) မလိုလျှင်ပိတ်ထားပါ။

(emergency location service, location accuracy, location history, location sharing, Wifi, Bluetooth scanning) အကုန်ပါသည်။  အခြားapp တွေမှာရှိသည့် check location permission များလည်းပိတ်ထားပါ။

  • Bluetooth နဲ့ Wifi ကိုလည်း မလိုအပ်လျှင်ပိတ်ထားခြင်းဖြင့် device ကို နောက်ယောင်ခံခြင်းမှ ရှောင်ရှားနိုင်သည်။
  • ဖုန်းကို မသုံးလျှင် power down ထားပါ။

အသုံးဝင်သောမှတ်တမ်းတင်Appများကို Install လုပ်ခြင်း

Documentation app icons

ဓာတ်ပုံသို့မဟုတ်ဗီဒီယိုမှတ်တမ်းတင်သောအခါ ဖုန်းထဲရှိ built-in camera app ကို အသုံးပြုနိုင်သည်။ သို့မဟုတ် ပိုပြီးအထူးပြုသောမှတ်တမ်းတင်app (ProofMode သို့မဟုတ် အခြား)များကိုလည်း အသုံးပြုနိုင်သည်။ ထို app များသည် ပိုမိုအားကောင်းသည့် metadata များကို ဖမ်းယူ၊ ပြင်ပသို့ထုတ်ပို့၊ သရုပ်ခွဲ၊ အတည်ပြု၊ လျှို့ဝှက်ထိန်းသိမ်း၊ လုံခြုံသော galleries နှင့် တခြား အဂ်ါရပ်များကို ခွင့်ပြုစေသည်။ အင်တာနက်ဖြတ်တောက်ချိန်ကို မှတ်တမ်းတင်သည့် appဖြစ်သော OONI Probe သည် ပွင့်လင်းအရင်းအမြစ် appဖြစ်ပြီးဖုန်းမှတဆင့်စမ်းသပ်ကာဆိုက်သို့မဟုတ်ပလက်ဖောင်းများကိုပိတ်ဆို့သလားဟုစမ်းသပ်နိုင်သည်။ထိုစမ်းသပ်မှုမှ ဘယ်လို၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ဆိုက်တွေကို ပိတ်ဆို့ထားသလဲ ပြသနိုင်သည်။ဒီ app ကို အသုံးမပြုမီ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို နားလည်ထားဖို့လိုအပ်သည်။မည်သည့် app ကို အသုံးပြုရမလဲ မသေချာဖြစ်နေပါသလား? ကျွန်ုပ်တို့က လမ်းညွှန်မေးခွန်းများဖြင့် “ဒီမှတ်တမ်းတင်app ကို သင်သုံးသင့်ပါသလား” သင်တန်းတွင်ပံ့ပိုးပေးပါမည်။

 

နေ့စဉ်အသုံးပြုမည့် App များ Install လုပ်ခြင်း

Random phone apps

သင့်ဖုန်းထဲတွင်ဒေတာအနည်းငယ်သာရှိပြီးအထူးပြုသော app များရှိနေခြင်းကြောင့်သံသယဖြစ်ခံရဖွယ် ဖြစ်နိုင်သည်။သင့်ဖုန်းကိုနေ့စဉ်သုံးနေသောdeviceပုံစံပေါ်လွင်စေရန်မိမိမှတ်တမ်းတင်သောနေရာဒေသတွင်အသုံးများသောappများinstallလုပ်ထားပါ(သို့သော် နာမည်ကောင်းရှိသောအရင်းအမြစ်များမှ download) လုပ်ပြီး ဘေးကင်းသောဓာတ်ပုံများကို gallery တွင်ထားပါ။

ဆိုရှယ်မီဒီယာappသုံးလျှင် အခြားနာမည်များနှင့် အကောင့်ဖွင့်လိုက ဖွင့်ထားနိုင်သော်လည်း အကောင့်တုသည် အချို့ပလက်ဖောင်းများ၏ ဝန်ဆောင်မှုစည်းကမ်းကို ဖောက်ဖျက်ရာရောက်သည်။  အချို့ပလက်ဖောင်း များသည်အကောင့်တုဖွင့်ရန်ခက်ခဲအောင်ကိုယ်ရေးကိုယ်တာအချက်များစိစစ်အတည်ပြုခြင်းလိုအပ်ချက်များထားရှိသည်။ထို့အပြင်အကြောင်းအရာများဖြည့်သွင်းခြင်းသူငယ်ချင်းလက်ခံခြင်း စသည့် လုပ်ငန်းများအတွက် ကြိုးစားအားထုတ်အချိန်သုံးရမည် ဖြစ်သည်။

 

အင်တာနက်မရှိချိန်တွင် app များ install လုပ်ခြင်း

APKs in downloads folder

အင်တာနက်ချိတ်ဆက်ခွင့်မရဘဲ app များကို download and install လုပ်ခြင်းသည် သိသာထင်ရှားသော စိန်ခေါ်မှုဖြစ်သည်။ အင်တာနက်ပြတ်တောက်နိုင်ချေရှိသည်ကို မျှော်မှန်း၍ ကြိုတင်ပြီး download လုပ်ထားရမည်။သင့်အားအထောက်အကူပြုနိုင်သည့် အခြားသောနည်းဗျူဟာမှာ Android Package (.apk) file ကို download and save လုပ်ထားပါ (ယုံကြည်ရသော အရင်းအမြစ်, ဥပမာ တီထွင်သူထံမှ တိုက်ရိုက်download) Phone storage or drive မှာ .apk file အနေနဲ့ သိမ်းထားပါ။ ထို APKများကို အော့်ဖ်လိုင်း ထားခြင်းသည် အင်တာနက် မရှိသည့်အချိန်တွင် သင်ရော တခြားသူများပါ မျှဝေခြင်းကို ခွင့်ပြုသည်။စမ်းသပ်သုံးစွဲဖို့အခွင့်အလမ်းမရှိသော်လည်း F-Droid app သည် ထို APK အော့်ဖ်လိုင်းများနှင့် လဲလှယ်သုံးစွဲနိုင်သည်။သင်ခန်းစာ

F-Droid app offline sharing interface
F-Droid app ကို အော့်ဖ်လိုင်းမျှဝေသော ဆက်သွယ်ရေးစနစ်

 

ကိုယ်ရေးကိုယ်တာ၊လျှို့ဝှက်၊အထိခိုက်မခံသောသတင်းအချက်အလက်များကိုဖုန်း(device)ထဲမှဖယ်ထုတ်ထားခြင်း

Graphic of types of personal info

ဖုန်း(device)ကိုမှတ်တမ်းတင်ရုံသက်သက်သာအသုံးပြုရန် ဖယ်သိမ်းထားဖို့ ကြိုးစားပါ။ email, phone calls, message အတွက် ကိုယ်ရေးကိုယ်တာဖြစ်စေ၊ အန္တရာယ်ရှိသွားနိုင်သောတက်ကြွလှုပ်ရှားမှု အဆက်အသွယ်များနှင့်ဖြစ်စေ ဒီဖုန်း(device)ဆက်သွယ်မှု လုပ်ရန် မသုံးပါနှင့်

 

အကြောင်းအရာများကို မှေးမှိန်သွားစေမည့် features သုံးခြင်း

eye with line through it

အကယ်၍ သင့်ဖုန်းကို ရှာဖွေခံရသည့်အခါ သင့်ရည်ရွယ်ချက်ကို သိသာမှု နည်းစေရန် သို့မဟုတ် အကြောင်းအရာများကို တွေ့ရှိဖို့ ခက်ခဲစေရန် ကူညီမှုပေးသည်။ သင့်ဖုန်းကို အပေါ်ယံလျင်မြန်စွာ စစ်ဆေးခြင်းခံရတဲ့အခါ ယခုကဲ့သို့ရှင်းလင်းသည့် နည်းဗျုဟာများကို လုပ်ဆောင်သင့်သည်။

 

  • Launcher app ကို အသုံးပြု၍ app ၏ shortcut နာမည်နဲ့ အိုင်ကွန် များကို ပြောင်းလဲလိုက်ပါ။   (ဥပမာ Nova Launcher , အခြား app များလည်းရှိသေးသည်) အချို့app တွေရဲ့ သိသာထင်ရှားမှုကို နည်းစေမည်။

editing the name and icon of an app with a launcher

  • Private Mode (Samsung) or Content Lock (LG) ကဲ့သို့ ဖုန်းနဲ့ တပါတည်းပါလာသော လျှို့ဝှက်  feature များကို အထောက်အကူ သုံးနိုင်သည်။

Move to Private setting in phone gallery

  • အချက်အလက်မပါဝင်သောဖိုင်တခုဆောက်၍“.nomedia”ဟုအမည်ပေးFolder တခုအောက်တွင်သိမ်းခြင်းဖြင့် gallery ထဲမှာ သင့်မီဒီယာတွေ မပေါ်လာအောင် ကာကွယ်နိုင်သည်။ မှတ်ချက် – အကယ်၍ မီဒီယာတွေ ပေါ်နေဆဲဖြစ်လျှင် gallery cache ကို clear လုပ်ပါ။  ဖုန်း(devices) အားလုံးတွင် တသမတ်တည်း အလုပ်ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

nomedia folder on phone

  • ဖွက်ထားသော folderများ (“.” နှင့်စသောfolder)ကို file manager app သုံး၍ ဖန်တီးပါ။ ဖွက်ထားသော folderများကို manually ဖြစ်စေ၊  Open Camera ကဲ့သို့သော app သုံးပြီးဖြစ်စေ ရွှေ့ခြင်းဖြင့် ဘယ်မီဒီယာကို သိမ်းထားလဲ သတ်မှတ်နိုင်သည်။  ဖွက်ထားသောဖိုင်များကို မမြင်စေရန် setting သို့သွား၍ “show hidden files”ကို “turn off” လုပ်ထားကြောင်း သေချာပါစေ။

hidden folder on phone

Show hidden files toggle on phone

  • Tella or Eyewitness to Atrocities ကဲ့သို့ မှတ်တမ်းတင်ခြင်းကို အထူးပြု app များသည် လျှိူ့ဝှက်ထိန်းသိမ်းသော encrypted gallery များတွင်း သီးသန့် မှတ်တမ်းတင်ထားနိုင်ပြီး app ကို သုံး၍သာလက်လှမ်းမီနိုင်သောကြောင့်သင့်ဖုန်းကိုရှာဖွေစစ်ဆေးခြင်းခံရသောအခါ သိသာထင်ရှားမှုကို လျှော့နည်းစေသည်။ထိုgalleryများတွင်မှတ်တမ်းတင်သောအခါသီးသန့်လျှို့ဝှက်နံပါတ်passcodeလိုအပ်ပြီး သင့်ဖုန်း unlocked ဖြစ်သောအချိန်တွင်တောင် လျှိူ့ဝှက်ထိန်းသိမ်းမှု (encrypted) ဆက်လက်တည်ရှိနေမည်။

Tella gallery

 

အကြောင်းအရာကိုမှေးမှိန်အောင်လုပ်ရာတွင်အရေးကြီးသောမှတ်ချက်

အရေးကြီးသောသတိပြုရန်မှာအထက်ပါနည်းစနစ်များသည်တစုံတယောက်ကလျင်မြန်စွာလှန်လှောချိန်တွင်သာချပစ်ရန်ဖြစ်ပြီးတစုံတယာက်ကသေချာစွာကြည့်ရှုသည့်အခါတွင် အကြောင်းအရာများကို အကျိူးသက်ရောက်စွာ ဖွက်ထားနိုင်မည်မဟုတ်ပါ။

မှတ်ထားသင့်သည်မှာ အချို့နိုင်ငံများတွင် သင့်ဒေတာများကို လုံခြုံလျှို့ဝှက်ရန်နှင့်ရှင်းလင်းရန်သုံးသော security app များကို ဥပဒေအရ ကန့်သတ်ခြင်း ပြစ်မှုပေးခြင်း ပြုလုပ်နိုင်သည်။ ထို app များကိုအသုံးပြု၍ သင့်ဒေတာများကို အာဏာပိုင်များကို ရယူခြင်းမှာ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် သက်သေကိုဖျက်ဆီးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးမှုကို ပိတ်ဆို့ခြင်းများ ပြုလုပ်ပါက ရာဇဝတ်မှုအနေဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။ ယခုမြေပုံသည် သင့်နိုင်ငံဥပဒေနှင့်ပတ်သက်၍ မေးခွန်းရှိပါက အစပြုလေ့လာနိုင်သည် (ပြည့်စုံသော်လည်း ၂၀၁၇)

 

အော့်ဖ်လိုင်းမျှဝေရန်ပြင်ဆင်ခြင်း

Wifi, USB stick, Bluetooth icons

အကြောင်းအရာများကိုဖမ်းယူပြီးသော်လည်းအင်တာနက်မရှိသည့်အခြေအနေတွင်သင့်လုံခြုံရေးအရသော်လည်းကောင်း၊ နေရာလွတ် ရရင်လည်းကောင်း၊ မျှဝေရန်လည်းကောင်း လိုအပ်လာလျှင် မှတ်တမ်းများကို ဖုန်းမှ ဖယ်ထုတ်ထားသင့်သည်။မှတ်တမ်းများကိုပုံမှန်offloadဖယ်ထုတ်ထားခြင်းဖြင့်သင့်ဖုန်းကိုသိမ်းဆည်းရှာဖွေပြီး unlock လုပ်ခံရလျှင် အချက်အလက်များပေါက်ကြားသွားသော အခြေအနေကို လျော့နည်းစေသည်။

အင်တာနက်မဆက်သွယ်နိုင်သော်လည်း အခြားဖုန်း သို့မဟုတ် Wifi USB drive စသဖြင့် Wifi or Bluetoothနှင့် ချိတ်ဆက်ထားသော deviceများမှ တဆင့် ဆက်သွယ်နိုင်သည်။ သင့်ဖုန်းသည် ပုံမှန်အားဖြင့် app ဆက်သွယ်မှုစနစ်များမှ ဆက်သွယ်ပို့ဆောင်နိုင်စွမ်း ရှိလိမ့်မည်။  အကယ်၍ ထိုနည်းကိုပံ့ပိုးလျှင် USB on-the-go (OTG) drive သို့မဟုတ် ကွန်နက်တာနှင့် ပလပ်ထိုးပြီး မှတ်တမ်းများကို OTG drive သို့မဟုတ် အခြားdeviceထဲသို့offload(ဖယ်ထုတ်)လုပ်နိုင်သည်။“အင်တာနက်ဖြတ်တောက်ချိန်အတွင်းဖိုင်များမျှဝေခြင်းနှင့်ဆက်သွယ်ခြင်း”သင်ခန်းစာနှင့် “ဗီဒီယိုဖြင့်သက်သေ – နည်းပညာကိရိယာ – ဖိုင်များလွှဲပြောင်းခြင်း” တွင် ထိုနည်းလမ်းများကို အသေးစိတ်ဆွေးနွေးမည်။

 

အကြပ်အတည်းမကျရောက်မီအခြေအနေတွင်လေ့ကျင့်ခြင်း

target with bullseye icon

ယခုသို့မဟုတ်အင်တာနက်အသုံးပြုခွင့်ရှိချိန်တွင် ဖုန်းအား setup လုပ်ခြင်းနေ့စဉ်အခြေအနေတွင် appများကို စတင်သုံးစွဲလေ့ကျင့်ရန်(လုံခြုံရေးစိုးရိမ်မှုမရှိသောအချိန်)သို့မှသာသုံးစွဲရာတွင်ရင်းနှီးပြီးသက်တောင့်သက်သာရှိစေမည်။မူသေလေ့ကျင့်ရန်ကောင်းမွန်သောအခြေခံဖုန်းလုံခြုံရေးပြုလုပ်ထားပါ။အခြားစိတ်ပူစရာများရှိလာသော အခြေအနေတွင် သဘာ၀အလျောက်သုံးစွဲတတ်ရန်နည်းလမ်းဖြစ်သည်။

ဒီစီးရီးမှနောက်ထပ်ခေါင်းစဉ်ဖြစ်သော “ဒီမှတ်တမ်းတင်appကို သုံးသင့် ပါသလား?” ကိုကြည့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *