ဤဘလော့ဂ်ပို့စ်သည် ပို့စ် ၂ ခု၏ အပိုင်း ၁ ဖြစ်သည်။ ဒီစာကို အင်္ဂလိပ်လို ဖတ်ပါ။

အကြောင်းအရာသတိပေးချက်/အစပျိုး သတိပေးချက်- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု။

နိဒါန်း

Razia Sultana သည် ရိုဟင်ဂျာရှေ့နေ၊ တက်ကြွလှုပ်ရှားသူနှင့် ပညာပေးသူ ဖြစ်ပြီး ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူဖြစ်သည်။ ၂၀၁၄ ခုနှစ်ကတည်းက သူမသည် ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀နှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။ သူမသည် လိင်နှင့် ကျားမအခြေခံအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများဖြစ်ကြသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် အနီးကပ်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမှ လူမျိုးတုံးသတ်ဖြတ်မှုမှလွတ်မြောက်ရန် မကြောက်မရွံ့ ထွက်ပြေးလာခဲ့သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဇာတ်လမ်းများကို မှတ်တမ်းတင်ခဲ့သည်။

Razia သည် မြန်မာစစ်တပ်မှ ရိုဟင်ဂျာများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စံနစ်တစ်ကျ အသုံးချနေကြောင်း အစီရင်ခံစာ နှစ်ခုဖြစ်သည့် Rape by Command နှင့် The Killing Fields of Aletankyew ကိုရေးသားခဲ့သည်။ သူမသည် မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှု တွေအကြောင်း အစီရင်ခံတင်ပြတဲ့ လွတ်လပ်တဲ့ Kaladan Press,ရဲ့ စေတနာ့ဝန်ထမ်း သုတေသီတစ်ဦးအနေနဲလုပ်ကိုင်လျှက်ရှိပြီး  မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတွေ ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေရဲ့ ဇာတ်လမ်းတွေကို ရဲရဲဝံ့ဝံ့ မှတ်တမ်းတင်နေသူလည်းဖြစ်သည်။ 

“ကျွန်မကို ဒုက္ခသည်အမျိုးသမီးတွေက လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံကို ပြန်သွား ရတာထပ် သူတို့သေချင်တယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။”

မြန်မာနိုင်ငံတွင် မွေးဖွားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကြီးပြင်းလာသော Razia သည် Free Rohingya Coalition, ၏ အဖွဲ့ဝင်ဖြစ်ပြီး Arakan Rohingya National Organization ၏ ဒါရိုက်တာ၊ ဒေသမှာရှိတဲ့ ဒုက္ခသည် စခန်းတွေအတွက်  အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Rights for Women Welfare Societyt တည်ထောင်သူ ဖြစ်ပြီး သူမရဲ့ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ အမျိုးသမီး တဦး တည်ထောင်တဲ့ ပထမဆုံး အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါသည်။ Razia သည်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွင့်စကားစစ်ထိုးပွဲမှာ  ပါဝင်စကားပြောကြားခဲ့ သူဖြစ်ပါသည်။ 

မေး- ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကျားမအခြေခံအကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေအကြောင်း ဘယ်လိုစပြီး မှတ်တမ်းတင်ခဲ့တာလဲ၊ ဘယ်အကြောင်းအရာတွေက ဒီအလုပ်ကို ဆက်လက်လုပ်ဆောင်ဖို့  လှုံ့ဆော်နေပါသလဲ။

ဖြေ- ၂၀၁၄ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေနဲ့ တိုက်ရိုက် လက်တွဲပြီး အလုပ်လုပ်ဆောင်နေပါတယ်။  ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ တစ်သန်းနီးပါးကို ဒုက္ခသည်အဖြစ် အတင်းအဓမ္မ ပြုလုပ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းမှုများမှတစ်ဆင့် လူမျိုးတုံးသတ်ဖြတ်မှု ကျယ်ကျယ်ပြန့်ပြန့်  ကျူးလွန်ခဲ့တဲ့တာတွေကို  မှတ်တမ်းတင်ဖို့ ရှေ့တန်းကနေပါဝင်ခဲ့ ပါတယ်။ ချက်ချင်းပဲ အဲဒီလူမျိုးတုံးသတ်ဖြတ်မှုကို မှတ်တမ်းပြုစုဖို့ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးနဲ့ စကားပြောတာ  သူတို့ရဲ့ ဇာတ်လမ်းတွေကို နားထောင် တာတွေ လုပ်ခဲ့ပါတယ်။

ကျွန်မအနေနဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု၊ လူကုန်ကူးမှုတွေနဲ့သူတို့ရဲ့စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီးသုတေသနလုပ်နဆောင်နေပါတယ်။ကျွန်မအနေနဲ့ ရိုဟင်ဂျာလူမျိူးစုတွေရဲ့ကိုယ်စား လူ့အခွင့်အရေး လှုပ်ရှားသူ အဖြစ်လည်း လုပ်နေပါတယ်။ ကျွန်မရဲ့အစီရင်ခံစာတစ်ခုဖြစ်တဲ့ ‘Rape by Command’ မှာမုဒိမ်းကျင့်ခံခဲ့ရတဲ့   ရိုဟင်ဂျာ အမျိုးသမီးနှင့် မိန်းကလေးငယ် (၃၀၀) အကြောင်းကို  အသေးစိတ် ဖော်ပြထားပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် မုဒိန်းကျင့်မှုကို လက်နက်တစ်ခု အဖြစ် စံနစ်တစ်ကျ အသုံးပြုနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထား ပါတယ်။ နောက်ထပ် အစီရင် ခံစာတစ်ခုဖြစ်တဲ့ ‘The Killing Fields of Aletankyew’ ဟာ မြန်မာစစ်တပ်ရဲ့  “နယ်မြေရှင်းလင်းရေး” ဆိုတာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမျိုးစုတွေကို ရှင်းလင်းတဲ့ လုပ်ငန်းစဥ် တစ်ခု ဖြစ်တယ်ဆိုတာ ကို ဖော်ထုတ်ခဲ့ ပါတယ်။  အစီရင် ခံစာဟာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအရေး စည်းရုံးလှုပ်ဆော်ဖို့ ပထမဆုံး ရရှိတဲ့ အတွေ့အကြုံဖြစ်ပြီးတော့ ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ သူတို့ရဲ့ လိုအပ်ချက်တွေ ကူညီဆောင်ရွက်ဖို့ အင်အားဖြစ်စေခဲ့ပါတယ်။

၂၀၁၇ခုနှစ်မှာတော့ ကျွန်မတို့ရဲ့ အလုပ်တွေကို ဒုက္ခသည်စခန်းတွေမှာရှိတဲ့  အမျိုးသမီးတွေအတွက် ကျားမရေးရာအစီအစဥ်တွေ ပြုလုပ်ပေးဖို့ အကြံပေးတာတွေနဲ့ စတင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Asian Dignity Initiative, နှင့် ပူးပေါင်းပြီး  ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွင်း အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးရန် စိတ်ပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ  အကူအညီပေးတဲ့ အစီစဥ်တွေကို စဆင်ခဲ့ပြီးတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ ဆွေးနွေး နှစ်သိမ့်  အကြံဉာဏ်ပေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

“သုတေသီတစ်ဦးအနေဖြင့် အသိပညာပေးခြင်းကို  အမျိုးသမီးတွေကနေစတင်သင့်တယ်လို့ ကျွန်မထင် သလို  အမျိုးသမီးတွေကဘဲ ဒီလို အကြောင်းအရားတွေကို“

ခံစားရဆုံးဖြစ်တယ်လို့ ထင်ပါတယ်။  တကယ်လို့ စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်နေတာတွေကို ဆက်ကျူးလွန်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေရင် ရိုဟင်ဂျာအမျိုးသမီးတွေက မြန်မာနိုင်ငံကို မပြန်ချင်ကြဘူး။  ဒါပေမဲ့ ဒုက္ခသည် စခန်းတွေမှာ  နေထိုင်ရတာ ခက်ခဲပါတယ်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံကို ပြန်လာရတာထက် သူတို့သေတာက ပိုကောင်းတယ်လို့  ဒုက္ခသည်အမျိုးသမီးတွေက ကျွန်မကို ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်းမှာကျန်နေသေးတဲ့  ရိုဟင်ဂျာရွာသားတွေကို နှောက်ယှက်တာ ညှဥ်းပန်း နှိပ်စက်တာတွေလုပ်ဆောင်နေပြီးတော့ စွဲချက်မတင်ဘဲ ထောင်ချတာတွေလုပ်ဆောင်နေပါတယ်၊၊ ဘူးသီးတောင်အကျဉ်းထောင်မှာ  ရိုဟင်ဂျာအကျဉ်းသား ၁၀၀၀ ကျော်ရှိနေပြီး  ၄င်းတို့မှာ အမျိုးသမီး ၁၀၀ ကျော်ဟာ  ရဲတပ်ဖွဲ့၏ မုဒိမ်းကျင့်မှု အပါအ၀င် လူမဆန်စွာ ပြုမူဆက်ဆံမှုခံနေရပါတယ်။  

မေး- ဗီဒီယိုမှတ်တမ်းကဆရာမ ရဲ့အလုပ်နဲ့ ရိုဟင်ဂျာအမျိုးသမီးတွေအတွက် ဘယ်လိုအသုံးဝင်လဲ။ တရားရေးဆိုင်ရာ ထောက်ခံအားပေးမှုကို အထောက်အကူပြုရန် စာရွက်စာတမ်းများကို အသုံးပြုရန် ဖြစ်နိုင်ပါသလား။

ဖြေ- စာနဲ့ရေးသားထားတာ  သို့မဟုတ် ဗီဒီယိုဖြင့် မှတ်တမ်းပြုစုလာတာ ၄ နှစ်ရှိပါပြီ။ စုဆောင်းထားသော အင်တာဗျူးအများစုသည် စာသားများသာဖြစ်ပြီး လုံခြုံရေးစိုးရိမ်မှုကြောင့် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားတာ အနည်း ငယ်တာရှိပါတယ်၊၊ 

အစပိုင်းမှာတော့ ဒုက္ခသည်တွေက ဗီဒီယို နဲ့ မှတ်တမ်း ရိုက်ရတာ သက်တောင့်သက်သာ မရှိကြပါဘူး ။အခုတော့ အခြေအနေက ပြောင်းသွားပါပြီ။ ဒုက္ခသည်များက၎င်းတို့ရဲ့  သက်သေခံချက်တွေကို  ဗီဒီယိုမှတ်တမ်းနဲ့  ပေးနေကြပါတယ်။ ၎င်းတို့ထဲမှာ တချို့က  လူသိများပြီး ၎င်းတို့၏ အသက်အန္တရာယ်ကို များစွာထိခိုက်မှာကို စိုးရိမ်တာကြောင့်  သူတို့ရဲ့ မျက်နှာကို မဖော်ပြရဲကြတာတော့ ရှိပါသေးတယ်  ကျွန်မ အနေနဲ့ကတော့ မှတ်တမ်းရေးတာဖြစ်ဖြစ်  ဗီဒီယို နဲ့ သက်သေပေးတာဖြစ်ဖြစ် 

“လိုက်နာရမဲ့ စည်းမျဥ်းတွေကို လိုက်နာ ပြီး လုပ်ဆောင်ထားရင် အလုပ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မှတ်တမ်းတင်မှုပုံစံ နှစ်ခုလုံးက အသုံးဝင်တာ ဖြစ်နိုင်သလို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကိုယ်ရဲ့  ရည်ရွယ်ချက်ပေါ်မှာဘဲ မူတည်ပါတယ်။”

၂၀၁၉ နှစ်ကုန်ပိုင်းမှာ ၊ လူ့အခွင့်အရေးဆိုင်ရာ ရာဇ၀တ်မှုများကို ထင်ရှားစေရန်အတွက် စပိန်ရုပ်ရှင်ရိုက်ကူးသူတစ်ဦးမှ ဗီဒီယိုအင်တာဗျူးအချို့ကို ရိုက်ကူးခဲ့ပါတယ်။ ကျွန်မ သူ့ကို ဒီလူမှု အသိုင်းအဝန်းကို ကိုယ်စားပြုပြီး တက်ကြွလှုပ်ရှားသူအဖြစ် ကူညီပေးခဲ့တယ်။ ဒီမှတ်တမ်းက အွန်လိုင်းမှာ  မရရှိနိုင်သေးပေမဲ့  သူရဲ့  မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့  ‘Living Without A Country ကတော့ ရိုဟင်ဂျာတွေနဲ့  မြန်မာနိုင်ငံရဲ့ အခြေအနေများကို မသိသေးသူတွေ အတွက် တော့ သတင်းအချက်အလက် တစ်စုံတစ်ရာ ပေးနိုင်ပါတယ်။ ။ဒီ ရုပ်ရှင် မှတ်တမ်းက ရိုဟင်ဂျာတွေ အပေါ်  ရက်စက်ကြမ်းကြုတ် မှု နဲ့ အကြမ်းဖက်မှု တွေကို   သက်သေတစ်ခု အဖြစ်ပြနိုင်ပါတယ်၊၊

မေး- ဆရာမကိုယ်တိုင် အင်တာဗျူးသူ တစ်ယောက်အနေနဲ့ ဖြစ်စေ ဖြေဆိုတဲ့ အမျိုး သမီးတွေ အတွက် အင်တာဗျူး မဖြေခင် ဖြေဆိုနေစဥ်နဲ့ ဖြေပြီး ချိန်တွေမှာ ဘာတွေ လုပ်ဆောင်လေ့ရှိပါသလဲ။

ဖြေ- ကျွန်မ အင်တာဗျူးတဲ့ အခါ မုဒိမ်းမှု စပြီးမေးတာမဟုတ်ပါဘူး။ ကျွန်မ က သူတို့ ရဲ့ မြန်မာ နိုင်ငံမှာ ရှိနေခဲ့တုန်းက ဘဝ အခြေနေတွေ ကို မျှဝေပေးဖို့ တောင်းဆိုတဲ့အခါမှ မုဒိမ်းကျင့်ခံရတာတွေ ပြောပြကြတာဖြစ်ပါတယ် ။အင်တာဗျူးမဖြေခင်မှာ သူတို့ရဲ့ အချက်အလက်တွေကို  မှတ်တမ်းမတင်ကြောင်း ပြောပြထားတာကြောင့် တစ်ခြားလူတွေက အင်တာဗျူးနဲ့ ပက်သက်ပြီး သူတို့ကို မေးမြန်းတာတွေ မလုပ်နိုင်ပါဘူး။

ကျွန်မ အနေနဲ့ အနုတ်လက္ခဏာဆောင်တဲ့ မှတ်ချက်တွေရသလို တစ်ကိုယ်ကောင်းဆန်တဲ့ အမျိုးသမီးလို့လည်း ခေါ်ခံရပါတယ်။ ဒီလို လူ့အဖွဲ့ အစည်းအတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ အတွက် ကျွန်မ ရဲ့ ခြေလှမ်းတိုင်းက အသက်အန္တရာယ်ရှိနိုင်သလို စိတ်ပျက်မှုတွေလည်း မကြာ ခဏ ကြုံရပါတယ်၊၊

မေး- ဆရာမအနေနဲ့ လည်း စိတ်ဒဏ်ရာခံနေရတဲ့  အမျိုးသမီးအများအပြားနဲ့ လက်တွဲလုပ်ဆောင်နေသူဖြစ်တာကြောင့်  အင်တာဗျူးတဲ့အခါ ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကို မေးမြန်းတဲ့ အခါ ဘာတွေကို သတိထားသင့်တယ် လို့ ဆရာမအနေနဲ့ ဘယ်လိုအကြံဉာဏ် ပေးချင်ပါသလဲ။

ဖြေ- အင်တာဗျူး ဖြေဆိုသူရဲ့ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် တိကျတဲ့ အချက်အလက်များကို မျှဝေဖို့ မတောင်းဆိုသင့်ပါဘူး။ သုတေသီတစ်ဦးအနေဖြင့် ပထမဦးဆုံး သူတို့နဲ့  ယုံကြည်မှုကိုတည်ဆောက်ပြီး ကျွန်မတို့နဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ်စရာ မလိုဘူးဆိုတာ ကို ပြသဖို့လိုအပ်ပါတယ်။သူတို့ကိုယ်တိုင်ကို က သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေချင်လိုတယ်ဆိုမှသာ  မျှဝေခွင့်ပေးသင့်ပါတယ်။  ဘယ်တော့မှ သူတို့ရဲ့ အတွေ့အကြုံတွေကို မှန်သလား မှားသလား မမေးသင့်ပါဘူး၊၊

“ကျွန်မရဲ့  အတွေ့အကြုံအရ၊ အချို့ သုတေသီတွေက  ရာဇ၀တ်မှုခင်းတစ်ခုအား စုံစမ်းစစ်ဆေးနေသလို  မေးမြန်းကြပါတယ်  “သူတို့ မင်းရဲ့အဝတ်အစားတွေ ဆုတ်ဖြဲလိုက်တာ အသံတွေ ပြုလုပ်လား  ”၊“မုဒိမ်းကျင့်ခံရတာ သေချာရဲ့လား လူတွေ အသတ်ခံရတဲ့ အသံတွေရော ကြားလား  ဓားက ဘယ်လောက်ရှည်သလဲ။”ဤ စသဖြင့် မေးကြပါတယ်။  မေးခွန်းအမျိုးအစားတွေဟာ  ဖိနှိပ်ခံရသူများကို ပြန်လည်စိတ်ဒဏ်ရာရစေရုံသာမက သူမ သို့မဟုတ် သူ အမှန်တကယ်ဝေမျှလိုတဲ့  အကြောင်းအရာတွေကို သွေဖီသွားစေပါတယ်။“

မေး- ဆရာမအနေနဲ့ မှတ်တမ်းတင်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ အကြီးမားဆုံးအခက်အခဲတွေက ဘာတွေလဲ။ အဲ အကြောင်းအရာတွေက ပြင်ပအကြောင်းအရင်း  သို့မဟုတ် လူ့အသိုင်းအဝိုင်းအတွင်းက အခက်အခဲမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဖြေ-ကျွန်မရဲ့ဘဝ အတွေ့အကြုံတွေက အကြီးမားဆုံး အတားအဆီးလို့ ပြောရပါမယ်။  ။ ကျွန်မ က ကျောင်းသူ ဘဝကတည်းက စေတနာ့ဝန်ထမ်း လူမှု အကျိုးပြု အလုပ်တွေမှာ ပါဝင်ခဲ့ပါတယ်။ -၂၀၁၄ ခုနှစ်မှစတင်ပြီး  ကော့ဘဇားကမ့်ကို  Kaladan Press အဖွဲ့နှင့်အတူ ဘာသာပြန်ဆိုရန် ကူညီပေးနေသည့်အဖွဲ့ဝင်တစ်ဦးအဖြစ် မကြာခဏဆိုသလို သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာအခွင့်အရေးအတွက် နိုင်ငံတကာအဆင့်မှာ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်၊ ဒါပေမယ့် ဒါက အလုပ်ချိန်ပြင်ပ အချိန်မှာဘဲဖြစ်ပါတယ်။  -၂၀၁၆ ခုနှစ်မှာ  ဒုက္ခသည်များ အလုံးအရင်းနဲ့ ရောက်လာပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင် ကြားရမြင်ရတာတွေက ကျွန်မကို တုန်လှုပ်ခြောက်ခြားစေပါတယ်။   သူတို့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ၊  သူတို့ရဲ့မျက်လုံးတွေမှာ နာကျင်မှုတွေ၊ သူတို့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ဒုက္ခတွေကို ကိုယ်တိုင် မြင်ခဲ့ ရပါတယ်။

ကျွန်မကိုယ် ကျွန်မ ဆက်လုပ်နိင်ပါ့မလား ဒီလူတွေကို ဘယ်လို ကူညီသင့်လဲ ဆိုတာ ကိုယ့်ဟာကို ပြန်မေးမိပါတယ်။  ၂၀၁၇ခုနှစ်မှာတော့ ကျွန်မရဲ့ အလုပ်တွေကို စွန့်လွတ်ပြီး ရိုဟင်ဂျာတွေအတွက် ကူညီလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  ကျွန်မဟာ ဆရာမ၊ ရှေ့နေ နဲ့ တာဝန်ကျေတဲ့ အိမ်ရှင်မ တစ်ယောက် ဖြစ်ခဲ့ သလို့ အခုအချိန်မှာတော့ မိသားစု အတွက် အချိန် မပေးနိုင်တော့ပါဘူး။  ကျွန်မရဲ့ လူ့အသိုင်းအဝိုင်းရဲ့ အလေ့အထတွေ စိတ်ပိုင်းဆိုင်ရာ အခြေနေတွေကို သဘောပေါက်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ အထူးသဖြင့် အမျိုးသမီးတွေကို အရေးပါတဲ့ နေရာတွေမှာ ဘယ်တော့မှ ထည့်သွင်းမစဥ်းစားတာမျိုးပါ။

မေး- အခုအချိန်မှာဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါ အခြေနေကြောင့် ဒုက္ခသည်စခန်းတွေမှာရှိတဲ့  ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ဆက်သွယ်ဖို့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ရင်ဆိုင်နေရပါသလဲ။

ဖြေ- ကိုဗစ် ကပ်ရောဂါက ရိုဟင်ဂျာ လူ့ အသိုင်းအဝိုင်းကို ပိုပြီး ထိခိုက်နစ်နာစေပါတယ်။ တစ်ချို့က စခန်းတဝိုက်မှာ သွားလာနေတဲ့ အမျိုးသားတွေရှိနေပေမဲ့ စခန်းမှာ  ​​ စေတနာ့ဝန်ထမ်းလုပ်ဆောင်နေတဲ့  အမျိုးသမီးတွေကို ရောဂါပိုး ဖြန့်နေသူတွေအဖြစ် ပြစ်တင်ကြပါတယ်။ အဲလို အရမ်းရဲရင့်တဲ့ အမျိုးသမီးတချို့ကို သိခွင့်ရလို့ ဝမ်းသာပါတယ် ။အစပိုင်းမှာ  NGO လုပ်ငန်းများမှာ လုပ်ဆောင်နေတဲ့  အမျိုးသမီး အများစုကို  အိမ်မှာဘဲ နေဖို့ ဖိအားပေးကြပါတယ်

“အမျိုးသမီးအများစုဟာ အသိပညာ မျှဝေတဲ့ နေရာမှာ  ပထမဆုံးသော တုံ့ပြန်သူများဖြစ်ကြောင်း ပြသခဲ့တယ်။“

အိမ်ပြင်ထွက်ခွင့် ပိတ်ထားတာကြောင့် စခန်းတွင်းပြဿနာမျတွေ  တိုးပွားလာပြီး  သွားလာခွင့်တွေကန့်သတ်တာ လိုအပ်တဲ့ ပစ္စည်းတွေ အကန့်အသတ်နဲ့ သာ ရတော့တာကြောင့် အမျိုးသမီးများ အများစုဟာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံနေရပါတယ်။ဒါ့ အပြင် ကော့ဘဇားနယ်ခံတွေနဲ့  ရိုဟင်ဂျာများကြား တင်းမာမှု တွေတိုးလာနေပြီး  အရာရာအပေါ် အချင်းချင်း အပြစ်တင်နေကြ ပါတယ်။ ဒေသခံအမျိုးသမီးများသည် ၎င်းတို့ကြားတွင် အပြုသဘောဆောင်သော ဆက်ဆံရေးများတည်ဆောက်ရန် အစွမ်းကုန်ကြိုးစားကာ လူ့အဖွဲ့အစည်းနှစ်ခုလုံးရင်ဆိုင်နေရသော အဖြစ်မှန်နှင့် ပြဿနာများကို အပြုသဘောဆောင် ဖြေရှင်းနိုင်ဖို့ အသိပညာပေးဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။

မေး- ၂၀၂၂ခုနှစ်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆရာမရဲ့ သတင်းစကားလေးကိုလည်း မျှဝေပေးစေလိုပါတယ်။

ဖြေ- ရိုဟင်ဂျာဆိုတာ အဖိနှိပ်မူခံရဆုံးလူမျိုးစုဖြစ်ပြီ ရိုဟင်ဂျာ အမျိုးသမီးတွေ ဟာ  အခြားသူများထက် နှိပ်စက်ညှဉ်းပန်းမှု ပိုခံနေရသူတွေဖြစ်ပါတယ်။အခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာနဲ့  မိမိရဲ့  ဂုဏ်သိက္ခာဆိုတာ သူတို့ စိတ်ကူးမယဉ်နိုင်သေးတဲ့  စကားလုံးတွေဖြစ်ပါတယ်။ ကျွန်မတို့လို လူတွေက အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်တွေဖြစ်တယ်ဆို ပြဖို့ ကြိုးစားနေကြပါတယ်။ တကယ်လို့ လူတွေက ဒီအချက်ကို လျစ်လျူရှုထားရင် ရှေ့ဆက်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက နောင်လာနောက်သား မျိုးဆက်တွေအတွက် လည်း  ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် ကို အလေးထားတဲ့ လူမှု့ စံချိန်စံညွန်းတွေ ရှိဖို့လိုအပ်ပါတယ်။

နိဂုံး

WITNESS ရဲ့ လမ်းညွှန်ချက်အသစ်တစ်ခုဖြစ်တဲ့၊ Using Video to Support Justice and Accountability for Survivors of Sexual and Gender-Based Violence ဟာ  ကျားမ အခြေပြု အကြမ်းဖက်ခံရမှုမှ  အသက်ရှင်ကျန်ရစ်သူတွေကို  တွေ့ဆုံမေးမြန်းဖို့ လိုအပ်တဲ့ အကောင်းဆုံးအလေ့အကျင့်ကို ဖော်ပြပေးထားပါတယ်။  ဒီလမ်းညွှန် မှုဟာ အားကောင်းတဲ့ အချက်အလက်ရှာဖွေမှု စောင့်ကြည့်ရေး အစီရင်ခံစာများကို ဗီဒီယို မှတ်တမ်း ပြုလုပ်နိုင်ဖို့နဲ့ ပြစ်မှုကျူးလွန်သူများကို  ရာဇဝတ်ခုံရုံးတွေမှာ အရေးယူနိုင်ဖို့ ဆောင်ရွက်တဲ့ နေရာတွေမှာ အသုံးပြုနိုင်အောင်ဖြစ်ပါတယ်။

လူမှု့အသိုင်းအဝိုင်းမှာ ရှိတဲ့ မှတ်တမ်းပြုစုသူတွေဟာ  လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု ရာဇဝတ်မှု တွေကို မှတ်တမ်းဖို့ အရေးကြီး ကြောင်းနားလည်သင့်သလို မှတ်တမ်းတင်ဖို့လည်း အမှန်တကယ်လုပ်ဆောင်သင့်ပါတယ်။ သို့မှသာ  အသက်ရှင်ကျန်ရစ်သူတွေ အကြမ်းဖက်မှုမှ လွှတ်မြောက်လာသူတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက် အမှန်တကယ်အကျိုး ပြုနိုင်မှာဖြစ်ပါသည်။

ဆက်စပ်အရင်းအမြစ်များ-

မတ်လ 8 ရက် 2022 တွင်ထုတ်ဝေခဲ့သည်။

Leave a Reply

Your email address will not be published.