Read the English version here

WITNESS ၏ “#ArchiveLife – ဗီဒီယိုရုပ်သံမော်ကွန်းမှတ်တမ်းတင်ခြင်းမှတဆင့် လူ့အဖွဲ့အစည်း၏ သမိုင်းဖြစ်စဉ် အမှတ်ရမှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအစီအစဉ် စတင်ခြင်းကို အထိမ်းအမှတ်ပြု၍ ဤဘလော့ဂ်ဆောင်းပါးကို ရေးသားတင်ပြပါသည်။

လွန်ခဲ့တဲ့ ၁၁ နှစ်နီးပါးကာလဖြစ်တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ WITNESS က “တက်ကြွလှုပ်ရှားသူများအတွက် ဗီဒီယိုရုပ်သံမော်ကွန်းမှတ်တမ်းတင်ခြင်း လမ်းညွှန် ကို ထုတ်ဝေဖြန့်ချိခဲ့ပြီးတော့ ဂုဏ်ပြုဆုချီးမြှင့် ခံခဲ့ရပါတယ်။ ထိုအချိန်ကတည်းက စပြီးတော့ ကျွန်ုပ်တို့ဟာ ဗီဒီယိုရုပ်သံမော်ကွန်းတင်ခြင်းဆိုင်ရာ လှုပ်ရှားမှုအစီအစဉ် များအတွက် ကမ္ဘာတဝှမ်းက မိတ်ဖက်များကို ပံ့ပိုးပေးခြင်းနှင့် သူတို့ထံကနေ လေ့လာသင်ယူခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ Berkeley Copwatch နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့၏ တာဝန်ယူတာဝန်ခံမှုဆိုင်ရာ ပြည်သူ့အချက်အလက် မှတ်တမ်းဘဏ် El Grito နှင့်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ကို ထိန်းသိမ်းကြပ်မတ်ခြင်း အစီအစဉ် Mnemonic နှင့်မိတ်ဖက်ပြုပြီး တည်ထောင်ခဲ့တဲ့ ဆီးရီးယားမော်ကွန်းတိုက် အပြင် ၂၀၂၂ ခုနှစ်မှာ Rohingya Vision နှင့်ပူးပေါင်း တည်ထောင်နိုင်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးပြုန်း (လူမျိုးသုဉ်း)  သတ်ဖြတ်ခံရမှုဆိုင်ရာ မော်ကွန်းတိုက် တို့ ပါဝင်ပါတယ်။

လူထုအဖွဲ့အစည်းများရဲ့ မော်ကွန်းမှတ်တမ်းတင်ခြင်းကို နိုင်ငံရေးစီမံချက်တစ်ခုအဖြစ် ဆောင်ရွက်ခြင်း

ဤခုနှစ်ကာလများအတွင်း WITNESS က သင်ယူရရှိခဲ့တဲ့ သင်ခန်းစာများအရ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ဖြစ်စဉ်အခြေအနေတွေမှာ ပြည်သူလူထု အစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံမော်ကွန်း မှတ်တမ်းတင်ခြင်းက အားကောင်းထိရောက် အစွမ်းထက်ပြီးတော့ ဩဇာကြီးမားတဲ့ လုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူများနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်သူများဖြစ်ကြတဲ့ ကျွန်ုပ်တို့ဟာ မော်ကွန်းမှတ်တမ်းတင်ခြင်းအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံနှင့် အတတ်ပညာများအား လက်လှမ်းမှီရရှိနိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ မကြုံစဖူးများပြားလှတဲ့ လူ့အခွင့်အရေးထိပါး ချိုးဖောက်မှုများရဲ့ မျက်မြင်သက်သေများပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမှီနိုင်မှု မညီမျှခြင်း၊ ဆင်းရဲချမ်းသာလူတန်းစား အလွန်ကွာဟမှုများနှင့် တီထွင်ဆန်းသစ်မှုအတွက် ယှဉ်ပြိုင်မှုပြင်းထန်ခြင်းနှင့် အတတ်ပညာကို အတ္တရှေ့ထားထိန်းချုပ်ထားခြင်း စတဲ့ အခြေအနေများအောက်မှာ ရှင်သန်နိုင်ဖို့ ကြိုးပမ်းနေကြပါရတယ်။

ကျွန်ုပ်တို့ရဲ့ တူညီတဲ့တွေ့ကြုံမျှော်မှန်းချက်များကို ကာကွယ်တဲ့နည်းလမ်းအဖြစ် ကျွန်ုပ်တို့ရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် အရေးကြီးတာတွေကို ဘယ်လိုရိုက်ကူး မှတ်တမ်းယူနိုင်မလဲ။ ဖိနှိပ်အုပ်ချုပ်သူ အင်အားစုများက ကျွန်ုပ်တို့ရဲ့ သမိုင်းဖြစ်စဉ်များကို ပုံဖျက်ခြင်း သို့မဟုတ် ပယ်ချဖြတ်တောက်ခြင်းများဟာ ဘယ်အချိန်မှာမှ ရပ်တန့်မှာလဲ။ ကျွန်ုပ်တို့ရဲ့ တိကျမှန်ကန်တဲ့ သမိုင်းဆိုင်ရာနှင့် လူမှုရေး-နိုင်ငံရေးဆိုင်ရာ သမိုင်းဖြစ်စဉ်အမှတ်တရများကို ဖျက်ဆီးဖျောက်ဖျက်ခံရခြင်းကနေ ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ။

လူ့အဖွဲ့အစည်းရဲ့ သမိုင်းဖြစ်စဉ်အမှတ်ရမှုကို ရှင်သန်ခိုင်မာစေရေး WITNESS ၏ ချဉ်းကပ်မှုနည်းလမ်း

တကယ်လို့များ ပြည်သူလူထုအစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံမော်ကွန်းမှတ်တမ်းတင်ခြင်းကို “တရားမျှတမှုပိုက်လိုင်းအတွက် ရုပ်သံဗီဒီယို (Video for Justice pipeline)” မှာ အလျှော့အတင်း ညှိနှိုင်းခွင့်မရှိတဲ့ လှုပ်ရှားတစ်ခုအနေဖြင့်လည်းကောင်း၊ ကိုလိုနီစနစ်မှ လွတ်မြောက်ရေး လှုပ်ရှားမှုအနေဖြင့်လည်းကောင်း စတင်ပြီးတော့ ရှုမြင်ချည်းကပ်ကြမယ်ဆိုရင် ဖော်ထုတ်တင်ပြခံရမှုနည်းတဲ့ (လျစ်လျူရှုခံထားရတဲ့) အမှန်တရားများရဲ့ တိကျခိုင်လုံမှန်ကန်မှုကို သက်သေပြနိုင်မှာပဲ ဖြစ်ပါတယ်။ အနာဂတ် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု အစီအစဉ်များမှာ အသုံးပြုဖို့အတွက် မှတ်တမ်းတင်ရိုက်ကူးခြင်းက စပြီးတော့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းဖြစ်စဉ်များကို တက်ကြွစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းက တရားမျှတမှု ရရှိရေးခြေလှမ်း များလည်း ပါဝင်တဲ့ ခုခံတော်လှန်ရေးကြိုးပမ်းမှုများနှင့် ချိတ်ဆက်ယှက်နွယ်နေပါတယ်။

 

ကိုလိုနီပြုသူများက ရာစုနှစ်များစွာ သူတို့ကိုလိုနီပြုထားတဲ့ လူ့အဖွဲ့အစည်းများရဲ့ ရှေးဟောင်းပစ္စည်းများကို မှတ်တမ်းတင်ခြင်း၊ ရှာဖွေစုဆောင်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်သူလူထုက ပိုင်ဆိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မှတ်တမ်းများက စီးပွား/ငွေရေးကြေးရေးနှင့် ကိုလိုနီအင်ပါယာ အဆောက်အဦများရဲ့ စုဆုံယှက်နွယ်ရာနေရာများကို မလွှဲမရှောင်သာ စစ်ကြောမေးခွန်းထုတ်ကြပါတယ်။ ဖိနှိပ်အုပ်ချုပ်ရေးစနစ်များက လူ့အဖွဲ့အစည်းရဲ့ အမှန်တရားများကို အကွက်ချဖျောက်ဖျက်ကြပြီးတော့ နယ်နိမိတ်မျဉ်းများကို ပေါင်းကူးတံတားခင်းဆက်သွယ်ခြင်းနှင့် ကိုလိုနီခေတ် စိတ်ဒဏ်ရာများအား ကုစားခြင်းတို့ကို ရာဇ၀တ်မှုမြောက်တဲ့အထိ ရည်ရွယ်ရှိရှိ နှောင့်နှေးစေကြပါတယ်။

ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့သမိုင်းဖြစ်စဉ် အမှတ်ရမှုများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းကြတဲ့ ပြည်သူလူထု အစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံ မော်ကွန်းမှတ်တမ်းတင်ခြင်းဟာ အင်စတီကျူးရှင်း (အုပ်စု/အစုအဖွဲ့/အဖွဲ့အစည်း) များရဲ့ ဗိုလ်ကျကြီးစိုးမှု အဆိပ်ဆူးအတွက် ကုသဆေး ဖြစ်လာပါတယ်။ ကိုလိုနီဝါဒ၊ အရင်းရှင်ဝါဒ၊ ပတ်ဝန်းကျင်ကို ဖျက်ဆီးမှု၊ ဖိုကြီးစိုးရေးဝါဒ၊ နယ်ချဲ့ဝါဒနှင့် ဖက်ဆစ်ဝါဒတို့ကို ဟန့်တားဖို့နှင့် ဆန့်ကျင်တုန့်ပြန်ကြဖို့အတွက် အခြေခံပြည်သူလူထု (အခြေခံလူ့အဖွဲ့အစည်း/ အခြေခံလူတန်းစား) များက အမှတ်ရစောင့်ရှောက်ထိန်းသိမ်း ထားတဲ့ သမိုင်းဇာတ်ကြောင်းများကို ပြန်လည်ဗဟိုပြုကြဖို့ အရေးကြီးပါတယ်။

ဒီပန်းတိုင်များကို ထောက်ခံပံ့ပိုးဖို့အတွက် WITNESS ရဲ့ ကြိုးပမ်းအားထုတ်မှုများကြောင့် Texas After Violence Project နှင့် ပူးပေါင်းဖန်တီးခဲ့တဲ့ “ဤဗီဒီယိုများကို ကောက်ယူစုဆောင်းပြီး မော်ကွန်းမှတ်တမ်းတင် သိမ်းဆည်းသင့်ပါသလား?” နှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ WITNESS ရဲ့ #EyesOnShutdowns လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် ထုတ်ပြန်ခဲ့တဲ့ “အင်တာနက် ဖြတ်တောက်ခံရချိန်အတွင်း မှတ်တမ်းတင်ခြင်းအတွက် ဗီဒီယိုသင်ခန်းစာများ ကဲ့သို့သော မည်သူမဆိုရယူဖြန့်ချိနိုင်တဲ့ လမ်းညွှန်အကြံပြုချက်များကို ဖန်တီးထုတ်ဝေနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကာကွယ်သူများ၊ ဂျာနယ်လစ်များနှင့် ဗီဒီယိုရုပ်သံ မော်ကွန်းထိန်းများရဲ့ အလွန်အရေးပါတဲ့ အသံများနဲ့ ဖန်တီးထားတဲ့ ရုပ်သံမီဒီယာများရဲ့ မှန်ကန်မှုကို အများယုံကြည်လက်ခံလာအောင် မြှင့်တင်ရေးအတွက်လည်း WITNESS က C2PA နှင့် ချိတ်ဆက်ဆောင်ရွက်နေ ပါသည်။

ယမန်နှစ်က WITNESS ကနေပြီးတော့ ပြည်သူလူထု အစုအဖွဲ့များရဲ့ မော်ကွန်းမှတ်တမ်း များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မော်ကွန်းတင်ခြင်း အစီအစဉ်များနဲ့ ပတ်သက်ပြီး လိုအပ်ချက်များကို ဖော်ထုတ်အကဲဖြတ်နိုင်ဖို့ စစ်တမ်းတစ်ခုကို ဘာသာစကားစုံဖြင့် ပြင်ဆင်ရေးသားပြီး ကောက်ယူနိုင်ခဲ့ပါတယ်။ စစ်တမ်းမေးခွန်းများကို  တုန့်ပြန်ဖြေကြားချက်များက ယခုနှစ်ဇူလိုင်လမှာ စတင်မယ့် “တက်ကြွလှုပ်ရှားသူများအတွက် ဗီဒီယိုရုပ်သံမော်ကွန်းတင်သိမ်းဆည်းခြင်း လမ်းညွှန်ချက်ကို အဆင့်မြှင့်တင်မွမ်းမံရေး” တစ်နှစ်ကြာလုပ်ငန်းအစီအစဉ်ကို အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုအစုအဖွဲ့များရဲ့ မော်ကွန်းမှတ်တမ်းတင်ခြင်းကို ပြန်လည်ဗဟိုပြုရန် WITNESS နှင့် ချိတ်ဆက်ပူးပေါင်းလိုက်ပါ!

ဗီဒီယိုရုပ်သံကို မော်ကွန်းမှတ်တမ်းတင်ခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်းတို့ဟာ အစဉ်သဖြင့် ပြောင်းလဲတိုးတက်နေသော လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက သော့ချက်မျှသာ မကပါဘူး၊ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

WITNESS က အမျိုးမျိုးသော အခက်အခဲအတားအဆီးများကြားက ဗီဒီယိုရုပ်သံများကို မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လူထုအစုအဖွဲ့များရဲ့ အခက်အခဲများကို နားလည်အသိအမှတ်ပြုပါတယ်။ အဲ့ဒီအခက်အခဲတွေထဲမှာ အင်တာနက်ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်ပလက်ဖောင်းများရဲ့ ဆင်ဆာဖြတ်တောက်ခြင်း၊ အစိုးရရဲ့ တိုက်ခိုက်မှုများ၊ အဖွဲ့အစည်းအတွင်း လူမျိုးရေးခွဲခြားမှု၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင်စီးနင်းတိုက်ခိုက်မှု၊ သတ္တုတူးဖော်ရေး ကော်ပိုရေးရှင်းများကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတို့အပြင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အများအပြား ပါဝင်ကြပါတယ်။ အဲ့ဒီ ကြီးမားတဲ့ အဖျက်အမှောင့် အပျက်အစီးများကြောင့် ပြည်သူလူထုအစုအဖွဲ့များဟာ မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများ၊ ကိရိယာများနှင့် အထောက်အပံ့ပစ္စည်းများကို လက်လှမ်းမမှီနိုင်ကြတော့ဘဲ ခိုင်မာတဲ့ သက်သေအထောက်အထားများဟာလည်း ပိုမို၍ ပျက်စီးလာပါတယ်။

Two archivist are huddled together, looking over their cataloging work on their computers.

WITNESS ရဲ့ #ArchiveLife လှုပ်ရှားမှုကမ်ပိန်းကနေပြီးတော့ လူ့အခွင့်အရေး အစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံမော်ကွန်းမှတ်တမ်းများအကြောင်းနှင့် အလားတူ ခုခံတော်လှန်မှုကို မှတ်တမ်းတင်ခြင်း လုပ်ငန်းအစီအစဉ်များအကြောင်း ပိုမိုနားလည် သဘောပေါက်လာကြအောင် မြှင့်တင်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်ုပ်တို့က အောက်ပါအချက်တွေကို ဆက်လက်ပြီးတော့ မီးမောင်းထိုး တင်ပြသွားမှာပဲ ဖြစ်ပါတယ်။

  • WITNESS က ဖန်တီးထားတဲ့ ဗီဒီယိုရုပ်သံမော်ကွန်းမှတ်တမ်းတင်ခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် အရင်းအမြစ်အသစ်များ၊
  • ဒေသဆိုင်ရာ အခြေအနေများ၊ လိုအပ်ချက်များ နှင့်/သို့မဟုတ် ဒေသအလိုက် လူထုအစုအဖွဲ့များရဲ့ မော်ကွန်းမှတ်တမ်းတင်ခြင်း နည်းနာများကို လေ့လာနိုင်ဖို့ ကမ္ဘာ့နေရာဒေသအသီးသီးမှ မိတ်ဖက်များနှင့် တိုက်ရိုက် #ArchiveLife အွန်လိုင်းနှီးနှောဖလှယ်ပွဲအစီအစဉ်၊
  • လူ့အခွင့်အရေးမှတ်တမ်းပြုစုသူများ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်များ၊ လက်ရှိဆောင်ရွက်ပုံ နည်းနာများနှင့် လိုအပ်ချက်များကို ပိုမိုနားလည် သဘောပေါက်လာဖို့ မော်ကွန်းမှတ်တမ်းတင်သူ အသစ်များကို ထိတွေ့မေးမြန်းခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ “လူ့အခွင့်အရေးဆိုင်ရာ ရုပ်/သံမှတ်တမ်းများ မော်ကွန်းမှတ်တမ်းတင်ခြင်းအတွက် လိုအပ်ချက်များနှင့် လုပ်ဆောင်ပုံနည်းနာများအကြောင်း စစ်တမ်း – ရလဒ်အချို့ကို ဤကမ်ပိန်းလှုပ်ရှားမှုအတွင်း ထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
  • လူ့အခွင့်အရေးဆိုင်ရာ လူထုအစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံမော်ကွန်းတိုက်များကို သက်ဆိုင်ရာ ဒေသအလိုက် စတင်အသက်သွင်း အကောင်အထည်ဖော်ရေးနှင့် အနာဂတ်လုပ်ငန်း အစီအစဉ်များအတွက် လှုပ်ရှားမှုကမ်ပိန်းမှာ ပါဝင်ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနိုင်မယ့် အခွင့်အလမ်းများ။

သမိုင်းဖြစ်စဉ်ဇာတ်ကြောင်းများကို ကောက်ယူစုဆောင်းခြင်းနှင့် ရွေးချယ်စီမံ စောင့်ရှောက်ခြင်းဟာ လူ့ဘဝဖြစ်စဉ်များကို မော်ကွန်းတင်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ မော်ကွန်းတွေရှင်သန်နေသမျှ မော်ကွန်းမှတ်တမ်းတင်ထားတဲ့ လူ့ဘဝများကို အောက်မေ့သတိရကြတဲ့အခါ ဝမ်းနည်းစရာ၊ ရုပ်ဆိုးအကျည်းတန်မှု သို့မဟုတ် ပျော်ရွှင်ဖွယ်ရာတွေ ဖြစ်နေမှာပါ။ လူ့အဖွဲ့အစည်းရဲ့ ဗီဒီယိုရုပ်သံမော်ကွန်းတင် သိမ်းဆည်းခြင်းဟာ လူမှုရေးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလွတ်မြောက်ရေး ရည်ရွယ်ချက်တို့အတွက် သိမ်းပိုက်ခံထားရသော ကျွန်ုပ်တို့ရဲ့ အမှန်တရားများလွတ်မြောက်ရေး လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

လှုပ်ရှားမှုကမ်ပိန်း၏ အသွင်အပြင်ပုံစံများနှင့်ပတ်သက်သည့် အယူအဆသဘောတရား

#ArchiveLife လှုပ်ရှားမှုကမ်ပိန်းရဲ့ ပုံစံဒီဇိုင်းတည်ဆောက်ပုံမှာ လူသားများနဲ့ နှိုင်းယှဉ်ပုံဆောင်ထားတဲ့ ပျားများ၊ သူတို့ရဲ့ ပျားအုံများနှင့် ပျားရည်၊ ဒါ့အပြင် ဝတ်ရည်စုဆောင်းသူ ပျားလုပ်သားများ၊ စုဆောင်းသိုမှီးရာနေရာနှင့် စုဆောင်းထားတဲ့ဝတ်ရည်များကို ကိုယ်စားပြုတဲ့ သင်္ကေတ ၃ ခု တို့ပါရှိတယ်။

ကျွန်ုပ်တို့ရဲ့ ပျား-မော်ကွန်းထိန်းများကတော့ လှုပ်ရှားမှုကမ်ပိန်းဖွဲ့စည်းတည်ဆောက်ပုံ အခန်းများအကြား လူးလားခတ်လှုပ်ရှားနေကြပါတယ်။ သူတို့က လူမှုတရားမျှတမှုရဲ့ ဘုံရည်မှန်းချက်ဆီသို့ ဦးတည်ရွေ့လျားနေတဲ့ မော်ကွန်းမှတ်တမ်း ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များရဲ့ အစိတ်အပိုင်းကဏ္ဍအမျိုးမျိုးကို သက်ဝင်လှုပ်ရှားနေအောင် ကူညီပံ့ပိုးပေး နေကြပါတယ်။ အသိနိုးကြားမှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆက်သွယ်ချိတ်ဆက်ခြင်းအားဖြင့် သူတို့ရဲ့ လုပ်ငန်းများက ပန်းဝတ်ရည်ကို ပျားရည်အဖြစ်သို့ ထုတ်ယူကြပါတယ်။

ပျားအုံ/ပျားလပို့ထဲ ယက်လုပ်ထားသော မွှေးပျံ့တဲ့ သက်တံရောင်စုံဖဲပြားများဟာ ထုတ်ယူပြီးရလာတဲ့ ပျားရည်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ “Mel” လို့ လူသိများတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတဲ့ အဖိုးတန်အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဤထုတ်ယူမှုဟာ တရားမျှတမှုပိုက်လိုင်းခိုင်ခံ့အောင် ထောက်ပံ့ပေးတဲ့ ကျွန်ုပ်တို့ရဲ့ စုပေါင်းဆေးဝါးမှာပါဝင်တဲ့ ချိုသက်သက်ပါဝင်ပစ္စည်းများနှင့် ခိုင်းနှိုင်းထားပါတယ်။

လှုပ်ရှားမှုကမ်ပိန်း အထောက်အကူပြုပစ္စည်းများထဲက ပဓါနကျတဲ့ သင်္ကေတကတော့ ပျားအုံကို တည်ဆောက်ရာမှာ အကြားအပေါက်မရှိအောင် အထောက်အကူပေးတဲ့ ထူးခြားတဲ့ အနား ၆ ခုပုံသဏ္ဍာန်ရှိသည့် hexagon (ဆဋ္ဌဂံ) ဖြစ်ပါတယ်။ အဲ့ဒီ hexagon (ဆဋ္ဌဂံ) ကတော့ ကမ္ဘာတဝှမ်းက လူ့ယဉ်ကျေးမှုများအတွက် အဓိပ္ပါယ်အမျိုးမျိုးကို ပုံဆောင်ကြပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးများကတော့ လူ့ခန္ဓာကိုယ်ပျက်စီးပုပ်သိုးခြင်း မဖြစ်အောင် ကာကွယ်ထိန်းသိမ်းတဲ့ နည်းနာတစ်ခုဖြစ်တဲ့ မမ်မီရုပ်ကြွင်းပြုလုပ်ရာမှာ အစောင့်အရှောက် အမှတ်သင်္ကေတအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ကျွန်ုပ်တို့ရွေးချယ်ထားတဲ့ သင်္ကေတအမှတ်အသားက မော်ကွန်းတင်ခြင်းဆိုတာ  ရည်ရွယ်ချက်ထားဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း သိနားလည်မှုကို ဖော်ညွှန်းခြင်းဖြစ်ပြီးတော့ ဤနည်းနာကို လုံ့လဝီရိယစိုက်ထုတ်ပြီးတော့ အသုံးချဆောင်ရွက်မယ်ဆိုရင် ဘယ်လိုလစ်ဟာမှုမျိုးမှ ပေါ်ပေါက်မှာမဟုတ်ပါဘူး။ ပြည်သူလူထု အစုအဖွဲ့များရဲ့ ဗီဒီယိုရုပ်သံ မော်ကွန်းတိုက်များဟာ မှတ်တမ်းမှတ်ရာများကို ထာဝရကာကွယ်စောင့်ရှောက် ပေးပါတယ် ဒါမှမဟုတ် မမေ့မပျောက် အစဉ်အောက်မေ့ သတိရနေစေပါလိမ့်မယ်။

စာရေးသူ Meghana Bahar [သူမ/သူမ၏] သည် WITNESS ဘလော့ဂ်စာမျက်နှာ၏ တည်းဖြတ်သူအယ်ဒီတာဖြစ်သည့်အပြင် WITNESS ၏ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ထိတွေ့ဆက်ဆံမှု အစီအစဉ်ကို ဦးဆောင်နေသူလည်း ဖြစ်ပါသည်။ ယင်းမတိုင်မီက သူမသည် WITNESS ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စုဆုံရပ်ကို ထူထောင်ရာတွင် ကူညီပံ့ပိုးခဲ့ပြီး ဒေသတွင်း ထိတွေ့ဆက်သွယ်မှုများကို ဦးစီးဆောင်ရွက်ခဲ့ပါသည်။ သူမသည် ဂျန်ဒါနှင့် မီဒီယာကျွမ်းကျင်သူတစ်ဦးအဖြစ် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက်၂၅ နှစ်ကျော်တိုင်အောင် ရပ်တည်ကာကွယ်ပံ့ပိုးခဲ့ပါသည်။

~ ၂ မေ ၂၀၂၄ တွင် ရေးသားထုတ်ပြန်ခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *